"နှမြောဖို့ကောင်းတဲ့ နာရီတွေ"
အတိတ်ကာလက
အချိန်လေးတွေမှာ…
"ကို"နဲ့ "ညီမ"
ဘာလို့မဆုံတွေ့ခဲ့ကြပါလိမ့်။
နှမြောဖို့ကောင်းလိုက်တဲ့
နာရီတွေရယ်…
နောက်ပြန်လှည့်လို့လဲ မရတော့
စိတ်ကိုဖြေလိုက်ပါတယ်။
ဒီနေ့ နေ့ရက်တွေနဲ့
လာမယ့် မနက်ဖြန်တွေမှာ
"ကို့"ကို ကြင်နာယုယဖို့
"ကို"နဲ့ ဘယ်တော့မှ
မဝေးရအောင်လို့…
"ညီမ"ကြိုးစားနေတယ်။
အခုအတူရှိတဲ့ အချိန်လေးတွေ
နေ့ရက်လေးတွေကိုလည်း
တန်ဖိုးထားပါတယ်။
No comments:
Post a Comment