Monday, July 2, 2012

တစ်နေ့


 "တစ်နေ့"

မင်းငိုချင်နေတဲ့ တစ်နေ့ ငါ့ဆီဖုန်းခေါ်လိုက်ပါ
မင်းကို ပျော်ရွှင်စေရမယ်လို့ ငါကတိမပေးပါဘူး
ဒါပေမယ့်…မင်းနဲ့ အတူငိုမှာပါ။

မင်းထွက်ပြေးချင်တဲ့ တစ်နေ့ ငါ့ကိုခေါ်ပါ
မင်းကို ထွက်မသွားပါနဲ့လို့ ငါမတားပါဘူး
ဒါပေမယ့်…မင်းနဲ့ အတူလိုက်ခဲ့မှာပါ။

မင်းဘာစကားမှ နားမထောင်ချင်တဲ့ တစ်နေ့ ငါ့ဆီဖုန်းဆက်ပါ
မင်းကို ငါစကားမပြောဘူးလို့ ကတိပေးပါတယ်။
ဒါပေမယ့်…မင်းပြောတာတွေကို ငါနားထောင်ပေးမှာပါ။

တစ်နေ့………
မင်းဖုန်းခေါ်လို့ ငါဖုန်းမကိုင်ရင်
ငါ့ဆီကိုသာ အမြန်လာခဲ့ပါတော့
သေချာတာတစ်ခုက ငါ မင်းကို လိုအပ်နေပြီ။

ဝန်ခံချက်။   ။ဘာသာပြန်ထားသော ကဗျာတစ်ပုဒ် ဖြစ်ပါသည်။

No comments:

Post a Comment