Wednesday, June 20, 2012

ဒါအချစ်လား.....


"ဒါအချစ်လား....."

ဘာဖြစ်လို့များ   ငါ့နှလုံးသားလေးရဲ့ ရင်ခုန်သံတွေမြန်နေတာလဲ?
မင်းနဲ့ငါ အကြည့်ချင်းဆုံလို့ပေါ့။
ဘာဖြစ်လို့များ   ငါဟာလေထဲ လမ်းလျှောက်နေတယ်လို့ ထင်ရတာလဲ?
မင်း ငါ့ကို ချိုချိုသာသာလေး ပြုံးပြနေလို့ပေါ့။
ဘာဖြစ်လို့များ   ငါဟိုကြည့်ဒီကြည့် လုပ်နေတာလဲ?
မင်းရဲ့အသံကို သဲ့သဲ့လေးကြားလိုက်မိလို့ပေါ့။
ဘာဖြစ်လို့များ   ငါဟာသမ်းဝေနေတာလဲ?
မင်း ငါ့အနားမှာ မရှိတော့လို့ပေါ့။
ဘာဖြစ်လို့များ   ငါအမြဲလိုလို မင်းဘက်က ရပ်တည်နေတာလဲ?
မင်းအခက်အခဲတွေနဲ့ ကြုံတွေ့နေရလို့ပေါ့။
ဘာဖြစ်လို့များ ငါမင်းအတွက် အရာရာကို ပေးဆပ်ချင်နေတာလဲ?
ဘာဖြစ်လို့လဲ?
မနေ့ကအထိ ငါ့ကိုငါ ပြောခဲ့ပါတယ်
ငါ မင်းကို သဘောကျနေတာပါလို့
ဒါပေမယ့် ဒီနေ့တော့
ငါ့ကိုငါ မယုံကြည်ဘဲ ပြန်မေးမိတာက
ဒါအချစ်လား?

No comments:

Post a Comment