"သမိုင်းထဲက စာမျက်နှာတစ်ချို့"
ဒီစာက ကျောင်းတက်ဖို့အတွက်ခေါ်တဲ့ လျှောက်လွှာမှာ "My Life" ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်မျက်နှာပဲ ရေးပေးခဲ့ရတဲ့ စာလေးပါ။ ကျောင်းမှာအရွေးခံရအောင် ရေးခဲ့ရတာဆိုတော့ စာစီစာကုံး ပုံစံနဲ့ပေါ့။ ဒီမှာရေးချင်တဲ့ စိတ်ကူးလေးတွေပေါ်လာလို့ ဘာသာပြန်ပြီး တင်လိုက်တာပါ။ သြဂုတ်လ ၂၀၁၀ တုန်းကရေးခဲ့တာဆိုတော့ ၂နှစ်တောင် ကြာခဲ့ပြီ။
ပထမဆုံး ကိုယ့်အတိတ်ကို ကိုယ်ခြေရာပြန်ကောက်ကြည့်မိနေသည်။
ရိုးရှင်းတဲ့ ဘဝလေးပဲလို့ သုံးသပ်လိုက်မိသည်။ ဒါပေမယ့် ကျွန်မတစ်ခါမှ မတွေးခဲ့မိတာက
ကိုယ့်ဘဝထဲမှာပဲ ပြောင်းလဲမှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရမယ်ဆိုတာပဲ။ ကျွန်မအခုပြောပြချင်တာက
ကျွန်မရဲ့မိသားစု၊ ကျွန်မဝါသနာပါတဲ့ အရာတွေနဲ့ ကျွန်မရဲ့ အတွေ့အကြုံတွေဟာ ကျွန်မကို
ဘယ်လိုပုံစံဖြစ်အောင် ဖန်တီးပေးလိုက်လဲ ဆိုတာပါ။
နှစ်တစ်နှစ်ရဲ့ အစဖြစ်တဲ့ ဇန်နဝါရီလမှာ အမေက
ကျွန်မကို မွေးဖွားသန့်စင်ပေးခဲ့ပါသည်။ ဆွေမျိုးတွေထဲမှာ အငယ်ဆုံးလေးဖြစ်တာနဲ့ အညီ
"Baby" ဆိုတဲ့ နာမည်လေးကို ကျွန်မရဲ့ နာမည် "Jill" မှာ ထပ်ပေါင်းပြီး
ကျွန်မရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေက "Baby Jill" လို့ခေါ်ကြတယ်။ ကျွန်မကိုယ်တိုင်ကလဲ
ကိုယ့်ကိုကိုယ် အဲဒီ့နာမည် သုံးပြီးပြောလေ့ရှိသည်။ ရန်ကုန်သူ၊ ရန်ကုန်ဇာတိဖြစ်ပေမယ့်
ရန်ကုန်မှာမွေးလာတာကို ကျွန်မ မနှစ်သက်ပါ။ ကျွန်မ အဖေဧ။်မွေးရပ်ဖြစ်သော မေမြို့(ခ)
ပြင်ဦးလွင်ကိုမူ ကျွန်မအလွန်ကြိုက်သည်။ ကျွန်မကို တစ်ဦးတည်းသော သမီးလို့ ခေါ်လို့ရသလို
မဟုတ်ဘူးလို့လဲ ကျွန်မမှာ ငြင်းဆိုပိုင်ခွင့်ရှိပါသည်။ ကျွန်မ ဒီမိသားစုထဲကို ရောက်မလာခင်
ဖေဖေနဲ့မေမေ့တွင် သားနှစ်ယောက်ရှိခဲ့ပါသည်။ သို့သော်လည်း သူတို့တွင် လူဖြစ်ရမည့် ကံအကြောင်းတရား
နည်းလာသောကြောင့် ထင်သည်။ ပထမတစ်ယောက်မှာ (၇)ရက်သာ အသက်ရှင်ခွင့်ရခဲ့သည်။ ဒုတိယတစ်ယောက်ကတော့
(၁)နှစ်နဲ့ (၃)လမှာ ကွယ်လွန်သွားခဲ့သည်ဟု အိပ်ယာဝင် ပုံပြင်များ၊ ဓာတ်ပုံများအနေနဲ့
သိခဲ့ရသည်။
ဒုတိယအစ်ကိုဆုံးပြီး (၂) နှစ်ကြာမှ ကျွန်မကိုမွေးသည်။
အစ်ကိုတွေကိုတောင် မတွေ့လိုက်ရဘူးလေ။ ကျွန်မတစ်ယောက်တည်းနေရသည်ကို မနှစ်သက်ပါ။ တစ်ဦးတည်းသော
သမီးဖြစ်ရသည်ကိုလည်း မကျေနပ်ပါ။ ဒါကြောင့် ကျွန်မအမေကို နားပူအောင်လုပ်ပြီး ညီမလေး
(သို့) မောင်လေး တစ်ယောက်မွေးပေးခိုင်းပါသည်။ ပြောသည်သာရှိပါသည် ဘာမှဖြစ်မလာခဲ့ပါ။
ဒီတော့ ကျွန်မက အဲဒီ့အစား ခွေးတစ်ကောင် ဝယ်ပေးရန် တိုက်တွန်းပြန်သည်။ ဒီတစ်ခါတော့ အမေက
ကျွန်မကို လိုက်လျောလိုက်သည်။ ကျွန်မဘဝတွင် အကြီးဆုံးလက်ဆောင်ရဖူးသည်မှာ အဲဒီ့တစ်ခါပထမဆုံး
အကြိမ်ဖြစ်သည်။ ကျွန်မရဲ့တောင်းဆိုမှုပြည့်သွားခဲ့လို့ ကျွန်မအရမ်းကိုပျော်ရွှင်ခဲ့ရသည်။
ကျွန်မ အဲဒီ့ခွေးလေးကို မောင်လေးတစ်ယောက်လို သဘောထားမိသည်။
ငယ်ငယ်ကအချိန်တွေမှာ အဒေါ်တွေ၊အဖိုး၊ အဖွားတွေနဲ့
နေရသည်က များသည်။ ကိုယ့်အိမ်ကိုတောင် အိမ်လို့မသတ်မှတ်ခဲ့။ အဖိုးအိမ်ကိုသာ ကိုယ့်အိမ်လို့ပြောခဲ့သည်က
များလှသည်။ တစ်ခါတစ်လေ အဖေနဲ့အမေက အိမ်ပြန်ဖို့လာခေါ်ရင်တောင် အဒေါ့်ကိုဖက်ပြီး ငိုရသည့်အချိန်တွေက
များသည်။ အဖေ၊အမေတို့နှင့် ခွဲရမည်ဆိုလျှင် ဝမ်းမနည်းတတ်ပါ။ နောက်ဆုံး ကျောင်းပြောင်းတော့မှပဲ
ကျွန်မအိမ်ကို ကျွန်မပြန်ရောက်လာခဲ့သည်။ အဲဒီ့နောက်မှာ ကျွန်မရဲ့အချိန်တွေကို ကျွန်မအဖေနဲ့အတူဖြတ်သန်းခဲ့သည်။
ကျွန်မငယ်ငယ်က ခုံမင်တက်မက်ခဲ့တာ ကြီးလာရင်
အင်ဂျင်နီယာလုပ်မယ်ဆိုတဲ့ အိမ်မက်တစ်ခုပါပဲ။ ထင်ထားတာထက်ကို အောင်မြင်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ဟာ
ကျွန်မအတွက် မမေ့နိုင်စရာ တစ်ခုပါပဲ။ အဲဒီ့တုန်းက စမ်းချောင်း (၂) ရဲ့ ပန်းကောင်းတစ်ပွင့်အနေနဲ့
ပွင့်လန်းခွင့်ရခဲ့ပါတယ်။ နောက်တော့လည်း ရည်မှန်းချက်ကို လက်လွှတ်ရင်း ပြောတာကိုလုပ်ခဲ့တဲ့
အရုပ်တစ်ရုပ်ပဲ ဖြစ်ခဲ့တယ်။
ကွန်ပျူတာတက္ကသိုလ်ကို လျှောက်လွှာတင်ခဲ့ရပြီး သဘောမကျတဲ့ လမ်းကိုစတင်ခဲ့ရတယ်။ သို့သော်လည်း ကံအကျိုးပေးကောင်းလို့ ထင်ပါရဲ့။ အမေကပဲ အဝေးသင်တက်ဖို့အတွက် ကိုယ်တိုင်လိုက်လုပ်ပေးခဲ့တယ်။ ဩော်…ဒါနဲ့ စကားမစပ် မြန်မာပြည်ရဲ့ ပညာရေးစနစ်က လုံးဝကအလဲအကွဲဖြစ်နေပြီ။ လျှောက်လွှာတင်တာက တစ်ခြား၊ ကျလာတာက တစ်ခြားပဲ။
ကွန်ပျူတာတက္ကသိုလ်ကို လျှောက်လွှာတင်ခဲ့ရပြီး သဘောမကျတဲ့ လမ်းကိုစတင်ခဲ့ရတယ်။ သို့သော်လည်း ကံအကျိုးပေးကောင်းလို့ ထင်ပါရဲ့။ အမေကပဲ အဝေးသင်တက်ဖို့အတွက် ကိုယ်တိုင်လိုက်လုပ်ပေးခဲ့တယ်။ ဩော်…ဒါနဲ့ စကားမစပ် မြန်မာပြည်ရဲ့ ပညာရေးစနစ်က လုံးဝကအလဲအကွဲဖြစ်နေပြီ။ လျှောက်လွှာတင်တာက တစ်ခြား၊ ကျလာတာက တစ်ခြားပဲ။
ကျွန်မလုပ်ခဲ့ရတာတွေထဲမှာ ဘာတစ်ခုမှ စိတ်ဝင်စားမှုမရှိသလို
စိတ်ကျေနပ်မှုလဲမရှိပါ။ သို့သော်…ကံကောင်းစွာနဲ့ပဲ ကျွန်မ အလင်းရောင်တစ်ခုကို မြင်တွေ့လိုက်တယ်။
အမေရိကန်စင်တာ "A.C" လို့ခေါ်တဲ့ စာကြည့်တိုက်မှာ စာသင်ကြားခွင့် ရလိုက်တာပါ။
အဲဒီ့မှာ သူငယ်ချင်းတွေ ရလာခဲ့တယ်။ မျက်စိတွေ၊နားတွေလဲ ပွင့်လာခဲ့တယ်။ A.C ဟာ ကျွန်မရဲ့
ဒုတိယအိမ် "Second-home" ဖြစ်လာခဲ့တယ်။ မိုးလင်းတာနဲ့ အဲဒီကိုရောက်နေပြီး
ညနေမှ အိမ်ကိုပြန်ဖြစ်တယ်။ နောက်တော့ သူငယ်ချင်းတွေနဲ့ စုမိပြီး စေတနာ့ဝန်ထမ်းတစ်ယောက်
ဖြစ်လာခဲ့တယ်။
ကျွန်မဘဝရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျွန်မခုံမင်တာတွေကတော့
အားကစားလုပ်တာ၊ သီချင်းနားထောင်တာ နဲ့ ကဗျာတွေ၊ စာတွေရေးတာပါပဲ။ အားကစားဆိုတာက အားရင်ကစားတာလို့
သူများတွေက ပြောကြပေမယ့် ကျွန်မကတော့ ကျူရှင်တွေမတက်ဘဲနဲ့ ကစားကွင်းထဲ ရောက်နေတတ်တဲ့
မိန်းကလေးပါ။ "ကံထ" တယ်ပဲပြောရမလား။ ၂၀၀၉ မှာ ကျွန်မပြောင်းလဲမှု တစ်ခုနဲ့
ရင်ဆိုင်လိုက်ရတယ်။ အမေရိကန်ပြည်ထောင်စုကို ပညာတော်သင် စရိတ်ငြိမ်းသွားဖို့အတွက် ရွေးချယ်ခံလိုက်ရတယ်။
ဒီအခွင့်အရေးကို ကျွန်မ မိမိရရဆုပ်ကိုင်လိုက်ပါတယ်။ ဟိုကိုရောက်တော့ ဒီကနဲ့ တော်တော်ကွာပါလား
ဆိုတာကို မျက်ဝါးထင်ထင် မြင်လိုက်ရတယ်။ ဒီခရီးသွားလို့ ရလိုက်တဲ့ သင်ခန်းစာကတော့
"ခင်မင်မှုနဲ့ အချစ်ကို ပိုက်ဆံနဲ့ ဝယ်လို့မရဘူး။" ဆိုတာပဲ။ ကျွန်မပိုင်ဆိုင်လိုက်တဲ့
ဒီခရီးဟာ ကျွန်မဘဝရဲ့ အကြီးကျယ်ဆုံးနဲ့ အခမ်းနားဆုံး လက်ဆောင်ပါ။
နိဂုံးချုပ်အနေနဲ့ ပြောရရင် ကျွန်မရဲ့ဘဝဟာ
အံ့ဩဖို့ကောင်းသလို မယုံကြည်နိုင်လောက်အောင်ကိုပဲ ပြည့်စုံမှုရှိခဲ့ပါတယ်။ ကျွန်မအခုအချိန်အထိ
မယုံကြည်သေးတာက ဒီအတွေ့အကြုံတွေ၊ အဖြစ်အပျက်တွေက ကျွန်မကိုဒီလိုပုံဖြစ်အောင် ဘယ်လို
ပုံဖော်ဖန်တီးပေးလိုက်တယ် ဆိုတာပါ။ ကျွန်မခံစားလိုက်ရတဲ့ နောက်တစ်ခုက ကျွန်မရောက်သင့်တဲ့
နေရာမှာ ရောက်ရှိခဲ့တယ်။ အခုလဲ ရောက်သင့်တဲ့နေရာမှာ ရောက်ရှိနေတယ်။
အနာဂတ်မှာလဲ ရောက်သင့်တဲ့ နေရာမှာ ရောက်ရှိနေဦးမယ် ဆိုတာပါပဲ။ နောက်လာမယ့် (၃) နှစ်အတွင်းမှာ ကျွန်မဘာလုပ်နေမလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ကျွန်မ ဒီကျောင်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ယောက်ပေါ့။
အနာဂတ်မှာလဲ ရောက်သင့်တဲ့ နေရာမှာ ရောက်ရှိနေဦးမယ် ဆိုတာပါပဲ။ နောက်လာမယ့် (၃) နှစ်အတွင်းမှာ ကျွန်မဘာလုပ်နေမလဲ။ အဖြေက ရှင်းရှင်းလေးပါ။ ကျွန်မ ဒီကျောင်းမှာ ပညာသင်ယူနေတဲ့ ကျောင်းသူတစ်ယောက်ပေါ့။
တစ်ချို့စာတွေက ဗမာ လိုရေးတာ ပိုကောင်းပေမယ့်
တစ်ချို့စာတွေကျတော့ English လိုရေးတာ ရင်ကိုပိုပြီး ထိစေတယ်။ အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင်
ဘာသာပြန်ထားပါတယ်။ ကြိုးစားလျက်…
နရီ
No comments:
Post a Comment