"ရုပ်ရှင်ထဲက သဲနှင့် ကျောက်သား"
Passengers Movie, The Others Movie & The Sixth
Sense Movie တွေထဲမှာ လူတွေက ကိုယ်သေလို့သေသွားမှန်း မသိလိုက်ကြဘူး။ ကိုယ်သေသွားပြီဆိုတာကို
တခြားသူတွေ ပြောပြမှ၊ တခြားသူတွေ ဖော်ထုတ်ပေးမှ သိကြတယ်။ အဲဒီ့လိုရုပ်ရှင်မျိုးတွေ
ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ တော်တော်ကောင်းတဲ့ ဇာတ်လမ်းလှည့်ကွက်တွေပဲလေ…
ဒါပေမယ့်…ဇာတ်လမ်းတွေမို့သာ ကြည့်လို့ကောင်းတာပါ။ ကိုယ်တိုင်ကြုံတွေ့ရတဲ့အခါတော့…
သူနဲ့ကျွန်မရဲ့ ဇာတ်လမ်းက ပြတ်သွားလို့ ပြတ်သွားမှန်း မသိလိုက်ဘူး။ ပြတ်သွားပြီ ဆိုတဲ့
အဓိပ္ပါယ်ကို တခြားသူတွေရဲ့ မေးခွန်းတွေ၊ စကားတွေ ကြားတော့မှပဲ သိခဲ့ရတော့တယ်။
ဒါပေမယ့် ကျွန်မ ဖတ်ဖူးတဲ့ (သဲနှင့်ကျောက်သား) ဝတ္ထုတိုထဲကလို…
ပျော်ရွှင်ဖွယ်ရာကောင်းတဲ့ အကြောင်းတွေကိုတော့ ကျောက်သားမှာ
ရေးတယ်။ စိတ်မကောင်းဖြစ်စေတဲ့ နာကျင်ရမှုတွေကိုတော့ သဲပေါ်မှာပဲ ရေးတယ်။
အဲဒီ့လိုပဲလေ……ပျော်စရာကောင်းတဲ့ ရက်စွဲလေးတွေကိုတော့ ကျွန်မ
ကျောက်သားပေါ်မှာ ရေးထားတယ်။ အမြဲတမ်းစွဲထင်ကျန်ရစ်နေအောင်လို့။
ဝမ်းနည်းစရာကောင်းတဲ့ ရက်စွဲတွေကိုတော့ သဲပေါ်မှာပဲ အလွယ်တကူ
ချရေးလိုက်တယ်။ လေတိုက်ရင် လွင့်ပါပျောက်ကွယ်သွားအောင်လို့။
(2:00 pm)
No comments:
Post a Comment