"ငါ"
ဖောက်လဲဖောက်ပြန်
သဘောကိုဆောင်တဲ့
ငါ့ခန္ဓာ
အပြောင်းအလဲ
အရမ်းမြန်တဲ့
ငါ့စိတ်
အခုတော့
ဘယ်နေရာမှာ
သွားပုန်းခိုနေပြီလဲ…
အရင်လို
မကျန်းမမာ ဖြစ်ဦးလေ…
အရင်လို
အပြောင်းအလဲလေး လုပ်ဦးလေ…
ဘာလဲ…နေမကောင်းဖြစ်မှာ
ကြောက်နေတာလား
ဒါမှမဟုတ် ပြောင်းလဲလို့မရမှာ
ကြောက်နေတာလား
မဟုတ်ဘူး…လုံးဝမဟုတ်ဘူး
ငါ
ကြောက်နေတာက...
ပြောင်းလဲလို့မရတဲ့ အချစ်တွေက
မပြောင်းလဲနိုင်တဲ့ အချစ်တွေအဖြစ်
ရှင်သန်နေမှာကိုပါ။
No comments:
Post a Comment