"စိတ်ဓာတ်"
သူငယ်ချင်း…
မင်း ဆင်းရဲလို့
စိတ်အားငယ်နေတာလား။
ဘာမှမဖြစ်ပါနဲ့
သူငယ်ချင်း
လူဆိုတာ စိတ်ဓာတ်မဆင်းရဲဖို့ပဲလိုတာပါ။
မင်း အလုပ်အကိုင်မရှိလို့
စိတ်ပျက်နေတာလား။
မဖြစ်ပါနဲ့
သူငယ်ချင်း
လူဆိုတာ စိတ်ဓာတ်
မပျက်ပြားဖို့ပဲလိုတာပါ။
မင်း ရုပ်ရည်မလှလို့
စိတ်ဓာတ်ကျနေတာလား။
ဘာမှမဖြစ်ပါနဲ့
သူငယ်ချင်း
လူဆိုတာ စိတ်ဓာတ်လှနေဖို့ပဲ
လိုတာပါ။
မင်းရဲ့ အခြေအနေ
နိမ့်ကျတယ်လို့ ထင်နေတာလား။
မထင်ပါနဲ့
သူငယ်ချင်း
လူဆိုတာ စိတ်ဓာတ်အောက်တန်းမကျဖို့ပဲ
လိုတာပါ။
တစ်ချို့လူတွေ
အမြင့်တစ်နေရာ ရောက်နေပေမယ့် စိတ်ဓာတ်တွေက မမြင့်မားကြပါဘူး သူငယ်ချင်း…
တစ်ချို့လူတွေ
ပိုက်ဆံချမ်းသာပေမယ့် စိတ်ဓာတ်မချမ်းသာကြပါဘူး…
တစ်ချို့တွေ
အောင်မြင်ကျော်ကြားနေပေမယ့် စိတ်ဓာတ်တွေ အောက်တန်းကျတဲ့ သူတွေရှိတယ် သူငယ်ချင်း…
တစ်ချို့တွေ
ရုပ်ရည်ရူပကာ ချောမောပေမယ့် စိတ်ဓာတ်မလှကြပါဘူး…
တစ်ချို့လူတွေ
တစ်ချို့လူတွေ…
တစ်ချို့…
တစ်ချို့တွေ…
ကိုယ့်ကိုယ်ကို
သိပ်ကို မြင့်မြတ်တယ်လို့ ယုံကြည်ထားကြပေမယ့်…
တကယ်တမ်း
စိတ်ထားမမြင့်မြတ်တဲ့အခါ… လူတွေဟာ အလိုလိုနေရင်း ခွာသွားကြတယ်။
တခြားသူကို
မနာလို၊ ဝန်တိုစိတ် မဖြစ်နဲ့ သူငယ်ချင်း…
တခြားသူကို
ပျက်ဆီးစေချင်တဲ့ စိတ်မထားနဲ့ သူငယ်ချင်း…
တခြားသူအပေါ်
မကောင်းတဲ့ စိတ်မမွေးနဲ့ သူငယ်ချင်း…
သူငယ်ချင်း…
မင်းစိတ်ဓာတ်လေး မြင့်မားနေပါစေ။
သူငယ်ချင်း…
မင်းစိတ်ထားလေး ဖြူစင်နေပါစေ။
သူငယ်ချင်း…
မင်းဘယ်နေရာပဲရောက်ရောက်
မင်းရဲ့ စိတ်ဓာတ်နဲ့ စိတ်နေစိတ်ထားတွေကြောင့် မင်းဟာ အလိုလိုနေရင်းကို
အမြင့်တစ်နေရာ ရောက်ရှိနေလိမ့်မယ်။
မင်းဟာ လူချစ်လူခင်များလာလိမ့်မယ်။
No comments:
Post a Comment