"သေဆုံးခြင်း"
သေဆုံးခြင်းမှာ နောက်ကျတယ်၊
စောတယ် ဆိုတာ မရှိဘူး။
သေခြင်းတရာက (၁၀) လသား
(သို့)
အသက် (၇၀) ဆိုပြီး
မရွေးချယ်ဘူး။
သေဆုံးခြင်းမှာ တရားတယ်၊
မတရားဘူးဆိုတာလည်း မရှိဘူး။
သေခြင်းတရားက
ဟိုလူသေ၊ ဒီလူရှင် ဆိုပြီး
မရွေးချယ်ဘူး။
ဒါပေမယ့်…
သေဆုံးခြင်းမှာ…
အချိန်တိုင်ပြီ ဆိုတာနဲ့
အချိန်မတိုင်သေးဘူး ဆိုတာပဲ ရှိသော်လည်း
သေဆုံးခြင်းဟာ…
စင်စစ် ငြိမ်းချမ်းမှုနဲ့ ဖြူစင်မှုကို
ယူဆောင်လာတဲ့အရာဆိုတာ
အချိန်တိုင်ပြီ ဖြစ်တဲ့ လူတွေက
ကိုယ့်ကိုပြောပြကြတော့…
ကိုယ် သေဆုံးခြင်းကိုတောင်
မြတ်နိုးမိသွားတယ်…။
No comments:
Post a Comment