Monday, July 2, 2012

တောင်းပန်လွှာ


"တာင်းပန်လွှာ"

"ကို" နဲ့ဆုံခဲ့တဲ့ အချိန်တွေ
သွားခဲ့ဖူးတဲ့ နေရာတွေ
လျှောက်ခဲ့ဖူးတဲ့ လမ်းတွေနဲ့
ထိုင်ခဲ့ဖူးတဲ့ ဆိုင်တွေမှာ
"ကို" နဲ့ပြောခဲ့ဖူးတဲ့ စကားတွေကို
ညီမ အမြဲသတိရနေမှာ။

ညီမတို့နှစ်ယောက် တစ်နေ့နေ့ တစ်ချိန်ချိန်
ကွဲသွားမှာကို မလိုလားဘူး။

"ကို့" ကို အမြဲတမ်း တွေ့နေချင်တယ်
"ကို့" နဲု့ အမြဲတမ်း စကားတွေပြောနေချင်တယ်
"ကို့" ရဲ့ စကားသံတွေကို
အမြဲတမ်း ကြားချင်နေမိတဲ့
ကောင်မလေးရဲ့ အသည်းကို
ပစ်ပယ်မသွားပါနဲ့ ကိုရယ်………

No comments:

Post a Comment