"သွေး"
ရှင့်ရဲ့အသွေးအသားတွေကို
ဖောက်ယူသောက်သုံးဖို့
မကြိုးစားခဲ့ဖူးပေမယ့်
ကံတရားရဲ့ အလှည့်အပြောင်းတွေက
ကျွန်မတို့နှစ်ယောက်ကို…
သွေးသားချင်းနီးကပ်စေခဲ့ပြီ။
အပ်ကနေတဆင့်
စီးဝင်လာနေတဲ့
ရှင့်ရဲ့ သွေးသားတွေထဲမှာ
ရှင်ကြိုက်နှစ်သက်တဲ့ အရာတွေအပြင်
ရှင် မြတ်နိုးတဲ့ သဘာဝတရားတွေကိုပါ
ရှင်က
စီးမျောဝင်ရောက်စေခဲ့တယ်။
ကျွန်မရဲ့ ခန္ဓာကိုယ်အနှံ့
ရှင့်ရဲ့သွေးတွေ ဖြတ်သန်းစီးဆင်းပြီးတဲ့နောက်…
ရှင်ကြိုက်နှစ်သက်တဲ့ သီချင်းသံစဉ်တွေက
ကျွန်မရဲ့ အကြားအာရုံတွေအလား…
ရှင် မြတ်နိုးတဲ့ အနုပညာတွေက
ကျွန်မရဲ့ အမြင်အာရုံတွေအနား…
ရှင် ခုံမင်တဲ့ ဘဝလွတ်လပ်မှုတွေက
ကျွန်မရဲ့ နှလုံးသားအပါး…
ခစားလျက်
ကျွန်မရဲ့ သွေးနဲ့ ရှင့်ရဲ့သွေးတွေ
တသားတည်း ပေါင်းစပ်ဖြစ်တည်တဲ့
အဲဒီ့နေ့ကစလို့…
ကျွန်မဟာ ရှင့်ရဲ့
ကိုယ်ပွားသဖွယ် ဖြစ်နေခဲ့ပြီ။
No comments:
Post a Comment