Saturday, November 3, 2012

သူငယ်ချင်းထံသို့ ပေးစာ

"သူငယ်ချင်းထံသို့ ပေးစာ"


သူငယ်ချင်း…နင်စိတ်ညစ်နေတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် လူတိုင်းပျော်နေတယ်လို့ နင်ထင်နေလား။
သူတို့အားလုံးက ပျော်တယ်လို့ ဟန်ဆောင်နေကြတာပါ။
သူငယ်ချင်း…နင်အားငယ်နေတယ်ဆိုတာ ငါသိပါတယ်။ လူတိုင်းအားအင်ပြည့်ဝနေတယ်လို့ နင်ထင်နေလား။
သူတို့အားလုံးက အားတင်းထားကြတာပါ။
သူငယ်ချင်း…နင့်ကိုယ်နင်အပြစ်တင်နေတယ်ဆိုတာ ငါသိပါတယ်။ လူတိုင်းအပြစ်ကင်းတယ်လို့ နင်ထင်နေလား။
သူတို့အားလုံး အမှားနဲ့မကင်းကြပါဘူး။
သူငယ်ချင်း…နင်ဝမ်းနည်းနေတယ်ဆိုတာ ငါသိပါတယ်။ လူတိုင်းပျော်ရွှင်နေတယ်လို့ နင်ထင်နေလား။
သူတို့အားလုံး မျက်ရည်ကျဖူးကြပါတယ်။
သူငယ်ချင်း…နင်စိတ်ဓာတ်ကျနေတယ်ဆိုတာ ငါသိပါတယ်။ လူတိုင်းအောင်မြင်နေကြတယ်လို့ နင်ထင်နေလား။
သူတို့အားလုံး ကျရှုံးမှုကနေ အောင်မြင်မှု ရရှိအောင်ကြိုးစားခဲ့ကြတာပါ။

သူငယ်ချင်း……နင်ဘာမှစိတ်မပူပါနဲ့။
နင်နဲ့အတူ စိတ်ညစ်စရာတွေကို ကျော်ဖြတ်မယ့်သူ
နင့်ကိုနှစ်သိမ့်မှုတွေပေးမယ့်သူ
နင့်မှာအပြစ်မရှိကြောင်းနားဝင်အောင်ပြောမယ့်သူ
နင့်မျက်ရည်တွေကို ဖယ်ရှားပေးမယ့်သူ
နင်အောင်မြင်မှုရတဲ့နေ့အထိ ဘေးမှာရှိနေမယ့်သူ နောက်ပြီး…
တခြားသူတွေမရှိရင်တောင် နင့်အနားမှာရှိနေမယ့်သူ
သူက နင့်ရဲ့ ထာဝရသူငယ်ချင်းပါ
ခင်မင်လျက်……

No comments:

Post a Comment