"ကျွန်မကို ချစ်စနိုးနဲ့ခေါ်ကြတဲ့ နာမည်တွေ"
အခုလိုသူငယ်ချင်းတွေ ချစ်စနိုးနဲ့ခေါ်တဲ့ နာမည်တွေက
ကျွန်မနှလုံးသားထဲမှာ ရှိနေပါတယ်။ ဘယ်သောအခါမှမေ့မသွားအောင်လို့လဲ အခုလိုမှတ်တမ်းတင်ထားလိုက်တာပါ။
နာမည်တွေကိုဖတ်ကြည့်ပြီး
ရယ်မောနိုင်ကြပါစေ……….
မိသားစုနဲ့ အမျိုးတွေက “Baby Jill”
ကျောင်းကသူငယ်ချင်းတွေက “ကေခိုင်ဝင်း”
ရင်းနှီးတဲ့ သူငယ်ချင်းတွေက “ကေခိုင်”
ဘုရားကျောင်းက ငယ်ပေါင်းတွေက “ကလေးထောင်”
၁၀ တန်းကျူရှင်ကကောင်တွေက “ဆုန်ကလောင်ထေး”
A.C နဲ့ နိုင်ငံခြားက သူငယ်ချင်းတွေက “Jill”
ကျောင်းတုန်းက သူငယ်ချင်းတွေက “အချစ်”
BARS တက်တော့လည်း တစ်ချို့က “အင်စိန်းဂျေး”
FYO ကသူတွေကတော့ “ကေကေ”
သင်တန်းတက်တုန်းက သူငယ်ချင်းတွေက “၈ပေါက်”
တစ်ယောက်ကတော့ “မျက်မှန်” တဲ့
တစ်စုံတစ်ယောက်ကတော့ “အသည်း” တဲ့
တစ်ယောက်ကလဲ “ခိုင်” တဲ့
တစ်ယောက်သောသူက “ညီမ” တဲ့
ဟိုတစ်ယောက်ကတော့ “ကလေးမ” တဲ့
ဒီတစ်ယောက်ကတော့ “အောင်ဆန်းကေခိုင်” လို့ခေါ်ကြတယ်။
ကျွန်မနာမည်အရင်းက “ကေခိုင်ဝင်း” ပါ…..
ကဗျာတွေ၊ စာတွေရေးရင်တော့ “နရီမင်းခင် (သို့)
နရီ” ဆိုတဲ့နာမည်နဲ့ရေးဖြစ်ပါတယ်။
သြော်…..မေ့တော့မလို့။ တစ်ခါက “Baby” လို့ခေါ်တဲ့သူလဲရှိတယ်...
No comments:
Post a Comment